Header Ads

BannerFans.com
Breaking News
recent

ဆန္ဒပြခဲ့ကြတဲ့ သူနာပြုတက္ကသိုလ်ကျောင်းသားများနဲ့ အစိုးရအဖွဲ့ တွေ့  ဆုံအပြီးမှာ အစိုးရမှ မူလထုတ်ပြန်ထားတဲ့ အချက်တွေကို ကျောင်းသား တွေက သဘောတူခဲ့ကြ


ရန်ကုန် မတ် ၁၇
ဆန္ဒပြခဲ့ကြတဲ့ သူနာပြုတက္ကသိုလ်ကျောင်းသားများနဲ့ အစိုးရအဖွဲ့ တွေ့ 
ဆုံအပြီးမှာ အစိုးရမှ မူလထုတ်ပြန်ထားတဲ့ အချက်တွေကို ကျောင်းသားတွေ
က သဘောတူခဲ့ကြတယ်လို့ ပြည်ထောင်စုဝန်ကြီးဖွဲ့ စည်းပေးထားခဲ့တဲ့
သူနာပြု/သားဖွားကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့ ကဆိုပါတယ်။
သူနာပြုနဲ့ သားဖွားကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ဖို့ ပြည်ထောင်စု
ဝန်ကြီးက ဒီအဖွဲ့ ကိုယနေ့ ဖွဲ့ပေးလိုက်တာပါ။
မတ်လ ၁၅ ရက်နေ့ က ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားများကို အစိုးရက
အရေးယူဖို့ မရှိကြောင်းနဲ့ ၎င်းတို့ ကျောင်းဝင်စဉ်က ချုပ်ဆိုထားတဲ့ စာချုပ်ပါနှစ်များအတိုင်း ထမ်းဆောင်ပြီးမှသာ သူနာပြုလိုင်စင်ရမှာဖြစ်ပြီး နောက်နှစ်ဇန်န၀ါရီလမှာ အသစ်ဝင်ရမယ့် သူနာပြုကျောင်းသားများကိုတော့ လျော်ကြေးပေးပြီ
ထွက်ခွင့်လုံးဝပေးတော့မှာမဟုတ်ဘူးလို့ အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ
သာထွန်းကျော်ကပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို မွန်းလွဲ ၃ နာရီခန့် ကနေ ညနေ ၆ နာရီဝန်းကျင်အထိ ၃နာရီခန့် ကြာ ဆွေးနွေးခဲ့ပြီး ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။
''အကုန်အဆင်ပြေအောင် လုပ်ခဲ့တယ် ကျွန်တော်တို့ က မြန်မာပြည်ကို
ထူထောင်မယ်ဆိုရင်ပေါင်းလုပ်ရမှာ တစ်ယောက်တည်းလုပ်လို့ မရဘူး ဟိုဘက်ကအမြင် ဒီဘက်က အမြင်အကုန်လုံးစဉ်းစားရမှာ အဆင်ပြေမှာပါ ကြည့်လိုက် '' လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်
ထွေးက ဆွေးနွေးပွဲအပြီး ပြန်စဉ်မီဒီယာတွေကိုပြောခဲ့ပါတယ်။
ယခုကိစ္စရပ်နဲ့ ပတ်သတ်ပြီး သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့
ထုတ်ပြန်ခဲ့တဲ့ ဒုတိယအကြိမ်မြောက်ထုတ်ပြန်စာမှာ မိမိတို့ သဘောဆန္ဒအရ
နိုင်ငံတာဝန်မထမ်းဆောင်ဘဲ လျော်ကြေးပေးသူများကို လည်း လိုင်စင်ထုတ်ပေးဖို့ ၊အစိုးရက ဖေဖော်ဝါရီ ၁ ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်စာကိုပြန်ရုတ်သိမ်းပေးဖို့  စတဲ့အချက်တွေကိုတောင်းဆိုထုတ်ပြန်ခဲ့တာပါ။ဒါပေမဲ့ ယနေ့ ဆွေးနွေးပွဲရလဒ်ကိုတော့ သဘောတူလက်ခံတယ်လို့ သူနာပြု တက္ကသိုလ်ကျောင်းသား
သမဂ္ဂက ကျောင်းသားများကပြောဆိုခဲ့ပါတယ်
သတင်း၊ဓါတ်ပုံ-ဖြိုးထက်အောင်

No comments:

icman. Powered by Blogger.