Header Ads

BannerFans.com
Breaking News
recent

ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးအနီးတ၀ိုက် ဒေသတွေမှာ မြေငလျင်​လှုတ်​ခတ်

၂၀၁၇ ခုနစ်၊ မတ်လ(၁၃)ရက်နေ့တွင်​ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးအနီးတ၀ိုက် ဒေသတွေမှာည ၈း၄၅ နာရီနဲ့ ၉ နာရီလောက်တွေမှာ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်​။

 မြန်မာစံတော်ချိန် (၂၀)နာရီ (၄၉)မိနစ် (၀၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တိုက်ကြီးမြို့ ရှိ
ဆရာတော် ဘဒ္ဒန္တ သီလာစာရရဲ့ ကျောင်းတိုက် အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ပါတယ်။ တိုက်ကြီးမြို့တွင်းမှာ တခြားပျက်စီးမှုတချို့ ရှိကြောင်း ကြားသိရပါတယ်။
မြန်မာနိုင်ငံပြည်တွင်း တိုက်ကြီးမြို့ အနောက်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု မတ်လ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၄၉)မိနစ် (၀၆)စက္ကန့် အချိန်က လှုပ်ခတ်သွားခဲ့ကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။
ယခု​နောက်​ဆုံး ၁၀နာရီ ၁၄ မိနစ်​တွင်​လည်း ​မြေငလျင်​ထပ်​လှုတ်​​သေး ​ကြောင်း eleven media group ​ဖေ့ဘုတ်​စာမျက်​နှာတွင်​​ဖော်​ပြထားသည်​။

No comments:

icman. Powered by Blogger.