Header Ads

BannerFans.com
Breaking News
recent

ဗိုလ်ကျစနစ်ဖြင့် လေလံပြစ်ရောင်းချမည့် ပြည်ဟော်တယ်ကိစ္စ ကန့်ကွက်ဆန္ဒပြ

ဗိုလ်ကျစနစ်ဖြင့် လေလံပြစ်ရောင်းချမည့် ပြည်ဟော်တယ်ကိစ္စ ကန့်ကွက်ဆန္ဒပြ
 ပြည့်သဲမောင်(ပြည်) 09 4236 71883 အများပြည်သူပိုင်အဆောက်အဦးနှင့်မြေနေရာအားလေလံပြစ်ရောင်းချခြင်းကိုမပြုလုပ်ကြပါရန်
ပြည်စည်ပင်အဆောက်အအုံနဲ့မြေနေရာကိုမူလအတိုင်းထားရှိပေးဖို့နဲ့ရောင်းချမဲ့ကိစ္စကိုသဘောမတူညီကြေင်းပြည်မြို့ရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုဝင်းလှိုင်မှဦးဆောင်၍ ဧပြီ(၁၀)ရက်နေ့ နံနက်(၉း၀၀)နာရီက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြာင်းသိရပါသည်။

ပြည်မြို့နေ ပြည်သူ ပြည်သားများပိုင်ဆိုင်သော( ပြည်သူပိုင်)နေရာဖြစ်သည့်ယ္ခင်(ပြည်ဟိုတယ်)
ယ္ခုအခါ စည်ပင်သာယာရုံးနေရာအဖြစ်အသုံးပြုထားသောအဆောက်အဦးနှင့်မြေနေရာအား
ပြည်သူလူထုအများစု၏သဘောတူညီချက်ဆန္ဒရယူမှုမရှိပဲဗိုလ်ကျစနစ်ဖြင့် လေလံပြစ်ရောင်းချမည်
ကို လက်မခံနိုင်၍ ယခုလိုဆန္ဒထုတ်ဖော်ကြောင်း ဆန္ဒထုတ်ဖော်သူ ကိုဝင်းလှိုင်ကပြောသည်။
"ဒီကိစ္စ ကိုပြည်မြို့နယ်စည်ပင်ကော်မတီကလဲသဘောမတူဘူး ၊ပြည်မြို့နယ်ရပ်ကွက်အထောက်
အကူပြုအဖွဲ့ကလဲသဘောမတူဘူး ၊ဒါပေမဲ့စည်ပင်က ဂျာနယ်ထဲတွေမှာသတင်းထဲမှာဖတ်ရတဲ့အ
ရဆိုရင် သူတို့ကအလွဲသုံးစားလုပ်တာ။ပြည်မြို့မိ မြို့ဖတွေရဲ့သဘောတူညီချက်အရ ရပ်ထောက် ကူအဖွဲ့တွေက သဘောတူတယ်ဆိုတာသတင်းမှာတွေပါ။ ဘယ်အဖွဲ့ကမှလက်မခံပါဘူး အဲဒါကို
ဆက်လုပ်နေရင်အစိုးရကအာဏာကိုအလွဲသုံးစားလုပ်တာပါပဲ။ဒါကြောင့်မို့ ဒါကိုကန့်ကွက်ပါ တယ်''ဟု ကိုဝင်းလှိုင်က ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်သူများသည် ဗိုလ်ချုပ်ကျောက်ရုပ်တွက်စုဝေးပြီး ပဲခူးတိုင်ဒေသကြီးအစိုးရ
အတွက်သုံးစွဲဖို့ငွေလိုနေလျှင်လွှတ်တော်သို့လုပ်ဆောင်မည်ကိစ္စများတင်ပြပြီး ငွေတောင်းသင့်ပါ
ကြောင်း ပြည်သူပိုင်နေရာများကိုလွယ်လင့်တကူရောင်းမစားပါနှင့်ကန့်ကွက်ကြောင်း၊ထိုနေရာ
သည် စည်ပင် အဖွဲ့အတွက်အပိုအဆောက်အဦး ဖြစ်နေလျှင်အိုးမဲ့အိမ်မဲ့ ဆင်းရဲသားပပျောက်ရေး
ကိုရှေ့ရှု့၍အချိုးကျစနစ်ဖြင့်ဆင်းရဲသားများအားပေးသင့်ပါကြောင်း စသဖြင့် ဟောပြောမှုများပြု လုပ် ဆန္ဒထုတ်ဖော်ခဲ့သည်။
''အစကထဲက ပြည်မြို့၏အစဉ်အလာအရအများပြည်သူပိုင်ဆိုပြီးတော့အဆောက်အဦး
လုပ်ခဲ့တယ်ဆရာမတို့ငယ်ငယ် တုန်းကပြည်သက်ကြီးတက္ကသိုလ်လုပ်ခဲ့တဲ့ တကယ့်ပြည်မြို့ရဲ့
ဂုဏ်ထူးဆောင်နေရာလေးဖြစ် တယ်။ဒါကြောင့်တစ်ဦးတစ်ယောက်ရဲ့လက်ထဲကိုတစ်ဦးတစ်
ယောက်ပိုင်မဖြစ်စေချင်လို့အခုလိုဆန္ဒထုတ်ဖော်တဲ့အလုပ်ကိုလုပ်တာပါ''ဟု ဆန္ဒပြရာတွင် ပါဝင်သူ တရားလွှတ်တော် ရှေ့နေဒေါ်သိန်းသိန်းဌေးက ပြောသည်။

No comments:

icman. Powered by Blogger.